ဘာလိုလိုနဲ့ တစ်နှစ်ပြည့်တော့မယ်....

ဟန်ထူးလွင် သီချင်းတော့ မဟုတ်ပါဘူးဗျာ... ကျွန်တော့်ရဲ့ ဒီ ဘလော့လေး မှာ မရေးဖြစ် ဘာမှမတင်ဖြစ် နောက်ဆုံး ၀င်ကို မ၀င်ဖြစ်တာ... ၁ နှစ်ရှိတော့မယ်...

ဒီနေ့ X'mas နေ့တော့ စာတစ်ခုခုရေးချင်လာတာနဲ့ ဒီထဲ ပြန်ဝင်ဖြစ်တာ... ၂၀၁၀ - ၂၀၁၁ ကျွန်တော့် အတွက် အများကြီး ပြောင်းလဲခဲ့တယ်.

အဓိက ကတော့ ၁ နှစ်ကြီးသွားတယ်ပေါ့ဗျာ :D ဘ၀ နဲ့ဆိုင်တဲ့ ပြောင်းလဲမှုတွေ အလုပ်တွေ လုပ်နေတဲ့ လမ်းကြောင်းတွေ သူငယ်ချင်းတွေ မိတ်ဆွေ တွေ ရည်မှန်းချက်တွေ အစရှိသဖြင့်ပေါ့...ပြောင်းလဲခဲ့တယ်..

MYiD လစဉ်ငွေစုမည်

MYiD Group ၏ လစဉ်ပုံမှန်ငွေစုခြင်းအစီစဉ်ကိုပြန်လည်စတင်ပါတော့မယ်..လာမယ့် ၆ ရက်နေ့ တနင်္ဂနွေနေ့ ၆.၂.၂၀၁၁ တွင် ရန်ကုန်မြို့ အနော်ရထာလမ်းနဲ့လမ်း ၄၀ ထောင့်ရှိ တိုကျိုဒိုးနပ်(စင်ထရယ်တာဝါ) တွင် နေ့လည် ၁ နာရီမှ ၃ နာရီထိပုံမှန်စုငွေကိုကောက်ခံသွားပါမည်။

လစဉ်ပုံမှန်စုငွေမှာ ၂၀၀၀ ကျပ်ဖြစ်ပါသည်

စိတ်ပါဝင်စားသူ လှူဒါန်းလိုသူအားလုံးကိုဖိတ်ခေါ်အပ်ပါသည်။

၁ ရက်နေ့ ကကျင်းပခဲ့တဲ့ MYiD ၁ နှစ်ပြည့်မွေးနေ့

၁.၁.၁၁ တွင်ကျင်းပခဲ့သော MYiD ရဲ့ ၁ နှစ်ပြည့်မွေးနေ့အလှူလေးပါ ကျွန်တော်တို့ MYiD ရဲ့ ၁၄ ကြိမ်မြောက်အလှူပါ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွေ ညနေ ၃ နာရီမှစပြီး ဘုရားဖူးများကို အအေးများဒါနပြုလုပ်ခဲ့ပါတယ်။

MYiD ၁ နှစ်ပြည့်

လာမယ့် Jan 2011 1 ရက်နေ့ဆိုရင်ကျွန်တော်တို့ MYiD Group ရဲ့ ၁ နှစ်ပြည့်မွေးနေ့အလှူအဖြစ် ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်တွင် ညနေ ၃ နာရီမှစတင်ပြီး အအေးအလှူဒါနပြုပါမည်။ထို့အတွက်အလှူဒါနပါဝင်လိုသူများ
ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

Joomla Day

အခုနောက်ပိုင်းခေတ်စားလာတဲ့ Joomla ကို မြန်မာနိုင်ငံ မန်းလေးမှာ Joomla day အဖြစ်ပြုလုပ်မှာဖြစ်ပါတယ်။
Joomla day ဆိုတာဘာလဲစိတ်ဝင်စားသူများ ဒီမှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်

၁၃ ကြိမ်မြောက်အလှူ

ကျွန်တော်တို့ MYiD ရဲ့ ၁၃ကြိမ်မြောက်အလှူကို သန်လျင်မြို့နယ်ထဲက ၀န၀ါသီ အေးရိပ်စံ သီလရှင် စာသင်တိုက်မှာ စာသင်ဆောင် ဆောက်လုပ်လှူဒါန်းဖို့ .. စီစဉ်ခဲ့ပါတယ်..။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆောင်မဆောက်လုပ်ဖြစ်ခဲ့ပေမယ့် ၂.၁၂.၂၀၁၀မှာ ကိုရသာနဲ့ ကျော်ဖြိုးတို့ နှစ်ယောက် ကျောင်းဆောက်ဖို့ အတွက် အလှူငွေများ သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။၎င်းတို့ က ထိုကျောင်းတွင် မုန့် များလည်း လှူဒါန်းခဲ့ သေးကြောင်း သိရှိရပါတယ်ခင်ဗျ။လှူတဲ့ရက်မှာ မအားလပ်သောကြောင့်မလိုက်ပါနိုင်ပေမယ့် ဓာတ်ပုံတွေကြည့်ပြီး ကြည်နူးမိပါတယ်.. နောက်အခါများမှ ကိုယ်တိုင်လိုက်ပါနိုင်အောင်ကြိုးစားတော့မယ်....

 

ကွန်ပျူတာသင်ဖို့နောက်ကျနေပြီလား

ဒီခေါင်းစဉ်ကိုဘာကြောင့်တပ်ရသလဲဆိုတော့ အခုလတ်တလော ကျွန်တော့်မိတ်ဆွေတွေဆီကကြားခဲ့ရတဲ့စကားတွေကြောင့်ပါ။ ကျွန်တော့်မိတ်ဆွေအကိုကြီးတစ်ယောက်ပေါ့(အသက် ၃၀ ကျော်လောက်ရှိပြီ) သူကဘာပြောသလဲဆိုတော့.သူ ကွန်ပျူတာပညာရပ်တွေသင်ဖို့နောက်ကျနေပြီတဲ့..ကွန်ပျူတာမတတ်ဘူးလားဆိုတော့မဟုတ်ပါဘူးအခြေခံလောက်တော့ သုံးတတ်ပါတယ်။သူဆိုလိုတာကအဆင်မြင့်ပညာရပ်တွေကိုသင်ဖို့လို့ဆိုလိုတာပါ။ကျွန်တော့်အထင်တော့ သူတကယ်သင်ချင်စိတ်ရှိတယ်ဆိုနောက်မကျသေးပါဘူး။နောက်ထပ် ၂ နှစ် ၃ နှစ်လောက်သူတစိုက်မတ်မတ်လေ့လာ လိုက်မယ်ဆိုရင် ဖြစ်သွားမှာပါ လက်မှတ်ရရုံလောက်ဆိုရင်တော့၃ ၄ လလောက်ပဲအချိန်ပေးရမှာပေါ့။ကျွန်တော်တို့ ဒီမှာ အယူဆလွဲနေတာလေးတွေပြောပြချင်ပါတယ် ဘ

ဖိတ်ခေါ်ခြင်း

ဆင်းရဲမွဲတေနေတဲ့ကြားက အခြေခံပညာရေးကို အခမဲ့သင်ယူနေကြတဲ့ မူလတန်းကျောင်းသား/ကျောင်းသူတွေအတွက် ကျောင်းဆောင်တစ်ဆောင်ဟာ အမှန်တစ်ကယ် လိုအပ်လျက် ရှိနေပါတယ်။ စာပေကို ကြိုးစားသင်ယူနေကြတဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ်ကလေးတွေကို အားပေးတဲ့အနေနဲ့ ကျနော်တို့ အနေနဲ့ ကျောင်းဆောင်လေးတစ်ဆောင်တော့ ထောက်ပံ့ပေးနိုင်ကြမှာပါ။ အခု အဲ့ဒီယာယီစာသင်ကျောင်းဘေးနားက ကျောင်းပိုင်မြေကွက်လပ်ထဲမှာ စာသင်ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်လှူဒါန်းဖို့အတွက် ရပ်ဝေး/ရပ်နီးများမှ အလှူရှင်များကို ဖိတ်ခေါ်လျက်ရှိပါတယ်။ 

လူမိုက်ကြီးဆယ်ယောက်

တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်သည် တပည့်ဖြစ်သူအား လူမိုက်ကြီး
(၁၀)ယောက်အားရှာဖွေ၍ စာရင်း ကောက်ခဲ့ရန် တာဝန်ပေးလိုက်သည်။
တပည့်ဖြစ်သူကလည်း သူဌေးကြီး၏ တာဝန်ပေးချက်အရ စာရင်း ကောက်ရန်
ခရီးထွက်ခဲ့သည်။

သူဌေးကြီးတပည့်သည် ခရီးထွက်ခွာလာရာ မြစ်တစ်ခု သို့ရောက်လာ၏။ လူတစ်
ယောက်သည် မြစ်ထဲမှရေများကို ခပ်ထုတ်နေသည်ကိုတွေ့ရ၏။
ဘာကြောင့်ခပ်ထုတ်နေသည်ကို သိချင်လာ၍ အကြောင်းစုံကိုမေးမြန်းကြည့်သည်။
“ရွာထဲက ကျွန်တော်ကြိုက်နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေ
ကုန်အောင်ခပ်ထုတ်နိုင် ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့။ အဲဒါ သူအချစ်ကို
ရအောင်ကြိုးပမ်းနေရတာဗျ” ။

Avira Update

AntiVir VDF update (so called multiple VDF update with up to 32 files)

Please use this AntiVir VDF update, if you are using one of the following Avira products:

* Avira AntiVir Personal, Premium and Premium Security Suite from version 9
* Avira AntiVir Professional (Windows) from version 9
* Avira AntiVir Server (Windows) from version 9
* Avira AntiVir SharePoint from version 3
* Avira AntiVir ISA Server from version 3

AntiVir iVDF update (so called container VDF update with 4 files)

Please use this AntiVir VDF update, if you are using one of the following products:

Syndicate content